မဟာအောင်မြေမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ထားရှိ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်အတွင်းရှိ မဲရုံများသို့သွားရောက်ကာ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်း မဲရုံ ၇၀ ရုံရှိ တာဝန်ကျ မဲရုံမှူး၊ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူများ၊ လုံခြဲရေးတာဝန်ကျသူများနှင့် တွေ့ဆုံ၍ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။