ဘားအံ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ် ဘားအံမြို့နယ်အ-ထ-က(ခွဲ)ကမော့ကစင်၌ လူငယ်ရေးရာအသိပညာရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်လူငယ်ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင်က လူငယ်ရေးရာဆောင်ရွက်ချက်များကို အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ဆရာဦးသန်းအောင်(မောင်လူဝိုင်း)က ဗလငါးတန်အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင် နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်