မင်းဘူးခရိုင်အတွင်း၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းဘူး ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် အပိုင်း(၂)၌ ပါဝင်သည့် စလင်းမြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်များ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ အပြီးသတ်ပြန်လည်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး (မကွေးတိုင်းဒေသကြီးတာဝန်ခံ)၊ မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး၊ မင်းဘူးခရိုင် နည်းပညာအထောက်အကူပြုအဖွဲ့ပါ ဌာနဆိုင်ရာများ၊ မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး (မကွေးတိုင်းဒေသကြီးတာဝန်ခံ)တို့မှ အဖွင့်အမှာစကားပြောကြားရာတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးကြတော့မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူတိုင်း အေးချမ်းလုံခြုံစွာ ဆန္ဒနှင့်အညီ လွတ်လွတ်လပ်လပ်ဆန္ဒမဲပေးရာတွင် ပိုမိုလုံခြုံစိတ်ချ ကောင်းမွန်စွာဖြင့်ကျင်းပနိုင်ရေး သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများမှ ရပ်ကွက်/ကျေးရွာအုပ်စုရှိ မဲရုံများကို ကြိုတင်ပြင်ဆင်ထားရှိမှုများသည် အသင့်အနေအထားအထိ ပြင်ဆင်ထားပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို စနစ်တကျပေါင်းစပ်ညှိနှိုင်း၍ အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး(မကွေးတိုင်းဒေသကြီးတာဝန်ခံ)တို့နှင့် တာဝန်ရှိသူများက ရွေးကောက်ပွဲကျင်းပပြီးနောက် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ အသုံးပြုပြီးသည့် မဲပေးစက်များကို ပြန်လည်သိမ်းဆည်းထားရှိမည့်နေရာသို့ သွားရောက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးကြည့်ရှုပြီး လိုအပ်များကို လမ်းညွှန်မှားကြားခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)