၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဘာသာရပ်အလိုက်ဟောပြော ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံမြို့) တွင် ဥပဒေအသိပညာပေး ဟောပြောပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ကလောမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

လိပ်သိုဒေသထွက် သဘာဝပျားရည်များ ဈေးကောင်းရရှိ၍ ပျားဖွတ်သူများနှင့် ပျားရည်ရောင်းဝယ်သူများ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် သစ်ပင်သစ်တောများ ထူထပ်စွာပေါက်ရောက်လျက်ရှိရာ ဒေသနေ တောင်သူများမှာ တောင်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းများ ရပ်နားထားချိန်၌ ပျားရှာ၊ ပျားဖွတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရသည်။

SMART ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်းများကိုလက်တွေ့ပူးပေါင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန့်မြင့်နှင့် အဖွဲ့ဝင်များသည်၊ ကျောင်းများ မီးဘေးလုံခြုံရေး အသိပညာပေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀) နာရီက မြို့မတောင် ရပ်ကွက်ရှိ SMART ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့၌ တောင်သူအသိပညာပေးလုပ်ငန်းနှင့် စိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲ/သင်တန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးလုပ်ငန်းနှင့် စိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲ/သင်တန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို  ယနေ့နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ လောင်ကျန့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။

ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုခြင်းမှရရှိသည့် ဗဟုသုတကောင်းကျိုးတရားများကို ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများထံ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် ဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားနည်းသင်တန်း သင်တန်းသားရရှိစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားနည်းသင်တန်း သင်တန်းသားရရှိစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပခဲ့သည်။

ဂန့်ဂေါမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကင်း​​မြို့နယ်အတွင်းရှိ အ​​ခြေခံပညာကျောင်းများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းခရိုင် ၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များဖြင့် အခြေခံပညာကျောင်းများသို့ ယနေ့နံနက်(၁၀)နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to