ဘူးသီးတောင် မေ ၂၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မိုခါမုန်တိုင်းကြောင်း ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများအား စစ်တမ်းကောက်ယူဆောင်ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန Command Post အစည်းအဝေးခန်းမတွင်ယနေ့ညနေ(၄)နာရီအချိန်ကကျင်းပခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းမှမုန်တိုင်းကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများအား စစ်တမ်းကောက်ယူဆောင်ရွက်ရာတွင် ကြီးကြပ်ရန် ဘသတမြို့နယ်သို့လာရောက်ရခြင်းဖြစ်ပါကြောင်း၊ လိုအပ်သည်များအား မိမိထံတင်ပြဆောင်ရွက်ပြီး ပြုစုပေးပို့ရန်လိုကြောင်း ရှင်းလင်းပြောကြားပြီး ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်၏ အခြေအနေများအားရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းမှ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်အခြေအနေများနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း၊ ဇယား၊ကိန်းကဏန်းအချက်အလက်များကို ကောက်ယူဆောင်ရွက်နေမှု အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီ (၁၂) ရပ်မှ မိမိတို့ကော်မတီ အလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကဏ္ဍရပ်များအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းမှစာရင်းဇယားများ ကောက်ယူဆောင်ရွက်ရာတွင် အချက်အလက်ပြည့်စုံစွာဖြင့် လျင်မြန်မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးတွက်ချက်မှုအခြေအနေအား လမ်းဦးစီးဌာနမှ တာဝန်ယူတွက်ချက်ပြီး တင်ပြပေးစေလိုကြောင်း၊ ပျက်စီးမှုအခြေအနေအား ပထမဦးစားပေးအနေဖြင့် စာသင် ကျောင်းများအားလည်းကောင်း၊ ဒုတိယဦးစားပေးအနေဖြင့်ဆေးရုံ၊ ဆေးပေးခန်းများ၊ တတိယဦးစားပေးအနေဖြင့် သာသနိကအဆောက်အဦများ၊ စတုတ္ထဦးစားပေးအနေဖြင့် ဌာနဆိုင်ရာအဆောက်အဦများနှင့် နေအိမ်များအား သေချာစွာတွက်ချက်၍ တင်ပြရန်လို ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ဗိုလ်မှူးချုပ်တိုးဝင်း၊ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (ဗိုလ်မှူးချုပ်တိုးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၄၀) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)