တုံတာ မေ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် တုံတာမြို့၌ ယနေ့နံနက် (၇)နာရီက ဌာနဆိုင်ရာများစုပေါင်း၍ အ.ထ.ကနှင့်အ.လ.က(နောက်)ကျောင်းများတွင် ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဖွင့်ချိန်တွင်သန့်ရှင်းသပ်ရပ်မှုရှိစေရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဝန်းအတွင်းရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်လှည်းခြင်း၊ ကျောင်းခန်းအတွင်း တံမြက်စည်းလှည်းခြင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်မြို့အုပ်ချုပ်ရေးမှူးဦးခင်မောင်လတ်က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အဲန်းမေရီ