မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများ စာရင်းကောက်ယူဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဦး  မေ   ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများကို စာရင်းကောက်ယူနိုင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိ လာ သော ဗိုလ်ချုပ်သောင်းထိုက်ရွှေက မုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်အတွင်း ရုံးအဆောက် အဦးများ၊ ဆေးရုံ၊ ဆေးပေးခန်းများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ စသော လုံးဝပျက်စီးသွားသည့်အဆောက်အဦများ၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် အဆောက်အဦများကို စာရင်းကောက်ယူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ် ဆောင်ရွက်ရန် ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ပြီးနောက် နယ်မြေခံတပ်မမှူးမှလည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများအကြောင်းကို ရှင်းလင်းပြေကြားခဲ့ပြီး ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်ကလည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီး သွားသည့်အခြေအနေနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းအချက်အလက်များ စာရင်းကောက်ယူမှု အခြေ အနေ တို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ နယ်မြေခံတပ်မှူး၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင် ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကော်မတီအလိုက် လိုအပ်သည်များကို ရှင်း လင်းပြောကြားရာ ဗိုလ်ချုပ်သောင်းထိုက်ရွှေမှ ကော်မတီအလိုက်ရှင်းလင်းပြောကြားမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)