ဘိုကလေး မေ ၂၂
တောင်သူများအား စိုက်ပျိုးရေးနည်းလမ်းကောင်းများ မျှဝေကူညီပေးလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်မှ ဂရတ်(GRET)ရုံးရှေ့တွင် ယနေ့ နံနက်(၈)နာရီမှ စတင်၍ သဘာဝနည်းဖြင့် စိုက်ပျိုးထားသော ဓာတုကင်းလွတ်သည့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်း သင့်တင့်စွာဖြင့် ရောင်းချပေးလျက်ရှိသည်။
အဆိုပါ ဟင်းသီးဟင်းရွက်များအား ဂရတ်(GRET)ရုံးနှင့် မိတ်ဖက်ဖြစ်သော စိုက်ပျိုးတောင်သူများ ကိုယ်တိုင်ရောင်းချပေးခြင်းဖြစ်ရာ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်းတွင် ရောင်းချပေးမည်ဖြစ်ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး၊ အာဟာရ တန်ဖိုးမြင့်မားစွာ စားသုံးနိုင်ရေး၊ ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင် ဖော်ဆောင်ရာတွင် အထောက်အပံ့ဖြစ်စေ ရေးတို့ကို ရည်ရွယ်၍ စိုက်ပျိုးရောင်းချပေးရခြင်းဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)