ဒေးဒရဲမြို့နယ်၊ ကြည်စုကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခြင်းနှင့် အလှူငွေများလှူဒါန်း

ဒေးဒရဲ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဓမ္မာရုံပြန်လည်ပြုပြင်ရန် အလှူငွေများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁)နာရီက လှည်းဆိပ်ချောင်းကြီးကျေးရွာ အုပ်စု၊ ကြည်စုကျေးရွာ ဘုန်းတော်ကြီး​ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များက လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် ဓမ္မာရုံအား ယာယီပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုခဲ့ပြီး ပြန်လည်ပြုပြင်ရန် အလှူငွေများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဒေသဖွံ့ဖြိုးရေးတွေ့ဆုံပွဲကို ကျင်းပရာ  အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မိမိကျေးရွာအတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ပေးကြရန် ဆွေးနွေးခဲ့ပြီး အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးက  ရပ်ရွာအေးချမ်း သာယာရေး လုပ်ငန်းဆောင်ရွက်နေမှုများ ဆွေးနွေးခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ သည်။

ထို့နောက် တက်ရောက်လာသူများက ကျေးရွာလျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ လိုအပ်ချက်များကို တင်ပြခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း