မုံရွာ မေ ၂၂
ပြည်ထဲရေးဝန်ကြီးဌာန မုံရွာခရိုင်နှင့် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ကြီးမှူး၍ ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းပြီး ယဥ်ကျေးလိမ္မာသော ကလေးများဖြစ်လာစေရေးနှင့် သာမန်ဗုဒ္ဓဘာသာမှ ပညာဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် ဖြစ်လာစေရန် တို့အတွက် ရည်ရွယ်ပြီး အခြေခံယဥ်ကျေးလိမ္မာသင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မုံရွာခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး၏(ဇနီး) ကိုယ်စား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၏ (ဇနီး) ဒေါ်သီတာစိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဥ်းပြီး “နောင်အနာဂတ်မှာ လူတော်လူကောင်းလေးများ ဖြစ်လာစေရန်၊ ဘာသာတရားရဲ့ အဆုံးအမနဲ့အညီ ကျင့်ကြံနေထိုင်သွားတတ်စေရန်၊ သင်တန်း တွင် ဖွင်လှစ်ပို့ချသွားမည့် ဗုဒ္ဓဘာသာရဲ့အခြေခံဖြစ်တဲ့ ဘုရားရှစ်ခိုးကျင့်ဝတ်၊ စာရိတ္တ မင်္ဂလာ တရားတော်တွေနဲ့ အညီ သားသားမီးမီးတို့ လိုက်နာကျင့်သုံးသွားကြမယ်ဆိုရင် ဘဝတစ်လျှောက်လုံး လိမ္မာယဥ်ကျေးပြီး တန်ဖိုးရှိတဲ့ သားငယ်၊ သမီးငယ်လေးများ ဖြစ်လာကြ မည်မှာ အမှန်ဖြစ်ကြောင်း၊ ဘာသာသာသနာအတွက် နိုင်ငံအတွက်နှင့် မိသားစုတို့အတွက် အဖိုးထိုက်တန်သော သားကောင်း၊ သမီးကောင်း ရတနာလေးတွေဖြစ်အောင် သင်တန်းတွင် အထူးအလေးထား မှတ်သားကျင့်ကြံနေထိုင်ကြစေကြောင်း တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းကို သင်တန်းနည်းပြဆရာ၊ ဆရာမ (၁၀)ဦးက မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါ်ခင်သန္တာဦး(လူမှုထူးချွန်) ရေးသားထုတ်ဝေသော ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်ခန်းစာနှင့် မင်္ဂလ သုတ်တော်ကျင့်စဥ် စာအုပ်တွင်ပါရှိသည့် အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာ မှတ်သားဖွယ်ရာ အဖြာဖြာတို့ကို သင်တန်းသားသင်တန်းသူ(၁၆)ဦးအား မေလ ၂၂ ရက်နေ့မှ စတင်ပြီး မေလ(၂၄) ရက်နေ့အထိ (၃)ရက်ကြာ အသေးစိတ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)