မိုင်းငေါ့မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ဆောင်ရွက်

မိုင်းငေါ့ မေ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ပိုးလောက်လမ်းများ ပေါက်ဖွားမှု မရှိစေရေး အတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာ‌ပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းအချိန်က မိုင်းငေါ့မြို့ အမှတ်(၃) တာလုံရပ်ကွက်တွင် လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုက်နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ အမှတ်(၃) တာလုံ ရပ်ကွက်အုပ်ချုပ်ရေမှူးတို့က ခြင်များ အလွယ်တကူပေါက်ဖွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ပန်းအိုးများ၊ ရေစည်၊ ရေပုံးများ၊ တာယာခွံများ၊ ရေဘူးများ၊ ပိုးလောက်လမ်းများ ပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကျန်ရှိသည့် ရပ်ကွက်နှင့်ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)