လားရှိုးမြို့တွင် ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းလှိုင် ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းပါဝင်သော အဖွဲ့ဝင်များက လားရှိုးမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင် များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မေလအတွက် အငြိမ်းစားဝန်ထမ်းလစာများ စတင်ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းမှစ၍ ဝန်ထမ်းအငြိမ်းစားလစာများကို ပေါင်းတည်မြန်မာ့စီးပွားရေးဘဏ်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၌ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး Talk Show အား ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

ရန်ကုန်တိုင်းသေကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၊ အခမဲ့ဓာတ်မှန်ရိုက်ခြင်းနှင့်ဆေးကုသခြင်း ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အောင်ဆန်းအမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၊ အခမဲ့ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးကုသခြင်းအား ယနေ့နံနက် ၉ နာရီမှစ၍ ညောင်ပင်ကျေးရွာ စာကြည့်တိုက်တွင် အခမဲ့ဆေးကုသပေးလျက်ရှိသည်။

ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ စိုင်းရကြိုးဝိုင်း၊ အကွက်အမှတ်(၇၃)အတွင်း အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကို ယ​နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် ပြင်ပစာပေများကို လေ့လာနိုင်ရန်အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင်များအခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ရွှေတွင်းကုန်းကျေးရွာသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၌ အစားအသောက်ဘေးကင်းလုံခြုံရေးအသိပညာပေး (Talk Show)ပွဲအစီအစဉ် ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ယုံကြည်စိတ်ချရသည့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ အစားအသောက်ဘေးကင်းလုံခြုံရေးအသိပညာပေး (Talk Show)ပွဲအစီအစဉ်ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

ညောင်ဦးမြို့နယ် ပျဉ်တိုင်းကျေးရွာသို့ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်  ပျဉ်တိုင်းကျေးရွာသို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၁၁ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက်လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ‌အေးမေတ္တာရေအလှူ တော်အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံကသိရသည်။
Subscribe to