တမူး မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများအား ယဥ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက်(၈) နာရီအချိန်က မြို့မ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဝန်ထမ်းများ၏ မူလတန်းတက်ရောက်မည့် သား/သမီးများအား အခြေခံ ကိုယ်ကျင့်တရားကောင်းများကို သိရှိလိုက်နာကျင့်သုံးတတ်စေရန်၊ (၃၈) ဖြာ မင်္ဂလာ တရားတော်ညီနှင့်အညီ ပေါင်းသင်းနေထိုင်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သံဃာတော် အရှင်သူမြတ်များနှင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ ဌာနခွဲစာရေးများမှ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီး (၃၇) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေလ(၂၂) ရက်နေ့မှ (၂၄) ရက်နေ့ အထိ နေ့စဥ်နံနက်(၈) နာရီမှ (၁၁) နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ