ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်ရေး ကျေးရွာများအရောက် ကွင်းဆင်းစည်းရုံးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေး အားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံတက်ရောက်စေရေးအတွက် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းစည်းရုံးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။

မြတ်မော်တင်ကျောင်းတိုက် ပဓာနနယကဆရာတော် ဘဒ္ဓန္တသုဇာတ ဆရာတော် အရှင်သူမြတ်ကြီးအား ဂုဏ်ပြုပူဇော်အပ်သော ဂုဏဝိသိဋ္ဌပူဇာ မဟာမင်္ဂလာသဘင် အခမ်းအနားကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သာသနာပြုကိစ္စ စွမ်းဆောင်ရည်အဝဝကြောင့် အဆင့်မြင့် သာသနာပြုအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်အလှူခံရရှိတော်မူသော မြတ်မော်တင်ကျောင်းတိုက် ပဓာနနယကဆရာတော် ဘဒ္ဓန္တသုဇာတ ဆရာတော်အရှင်သူမြတ်ကြီးအား ဂုဏ်ပြုပူဇော်အပ်သော ဂုဏဝိသိဋ္ဌပူဇာ မဟာမင်္ဂလာသဘင် အခမ်းအနားကို ယနေ့နေ့လည် (၁၃း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ မြတ်မော်တင်တောင်တော်ရှိ ဝေနေယျသုခဝေဇယန္တာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Cemtre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်၏ “ကောင်းကျိုးတည်ရန် မျှော်လင့်သည်” ဝေမျှဖလှယ်  အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁) နာရီချိန်က ပြုလုပ်ခဲ့သည်။

EFI သင်တန်း၊ PLCသင်တန်းနှင့် Phone Advance သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) EFIတန်း၊ PLC သင်တန်းနှင့် Phone Advance သင်တန်းအမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၈)နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) သင်တန်းခန်းမ၌ ကျင်းပသည်။

ဟိုပင်မြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ၂၀၂၃−၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ အခြေခံပညာစာသငကျောင်းများတွင် မေလ (၂၃) ရက်၊ နံနက် (၉) နာရီမှစတင်၍ ၂၀၂၃−၂၀၂၄ပညာသင်နှစ်၊ ပညာသင်ကြားပေးနိုင်ရန် ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

မချမ်းဘောမြို့နယ်ရှိ အခြေခံ ပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းများ စတင်လျက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းအပ်နှံလက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြောင်းမြမြို့နယ်၌ မိုးစပါးတစ်ဧက (၁၀) တင်းနှုန်း တိုးထွက်ရှိရေး  တောင်သူအသိပညာပေး သင်တန်းဖွင့်လှစ်

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာတွင် မိုးစပါးတစ်ဧက (၁၀) တင်းနှုန်း တိုးထွက်ရှိရေး တိုင်းအဆင့်တောင်သူအသိပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၂:၀၀) အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင် လက်ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်းကို မေလ (၂၃) ရက်နေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကလေးမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုလက်ခံခြင်းများ စတင်‌ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား‌/ကျောင်းသူများ ၂၀၂၃ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၏ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်က ပန်းတောရပ်ကွက်ရှိ ဘော်လုံးကွင်းတွင် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည်။
Subscribe to