ကလေးမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုလက်ခံခြင်းများ စတင်‌ဆောင်ရွက်ပေးလျက်ရှိ

ကလေး မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား‌/ကျောင်းသူများ ၂၀၂၃ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်မှ ၃၁ ရက်‌နေ့အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်၍ နေ့စဉ်ကျောင်းသားသူများ၏ ကျောင်းအပ်နှံမှုကိုလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကျောင်းအပ်နှံမှုအား လက်ခံဆောင်ရွက်ရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/ လက်ခံခြင်းမပြုဘဲ၊ လာရောက်အပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ဗလာစာအုပ်၊ ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်\ဆက်)