ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း များအား ကြည့်ရှုစစ်ဆေး

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့တွင် ဆိုင်ကလုန်း မုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မင်းဘူး(စကု)မြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သူသုံးကုန်ထုန်လုပ်မှု နည်းပညာသင်တန်း (၅/၂၀၂၃)ကို ယမန်နေ့ နံနက်ပိုင်းက အိုးပြင်မဲအုပ်စု လက်ပန်တောကျေးရွာ၌ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း မင်းဘူးခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။

နမ္မတူတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

မင်းလှမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ သန့်ရှင်းရေးပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်း သာယာလှပရေး၊ရေစီးရေလာကောင်းမွန်စေရေး၊ မိုးရာသီကာလတွင် ခြင်ပေါက် ပွားမှုမရှိစေရေးအတွက် ကွက်သစ်ရပ်ကွက်၊ ဈေးအနောက်ဘက်လမ်းရှိ ရေမြောင်းများတွင် အမှိုက်ရှင်းခြင်းကို ယမန်‌နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများ မာန်အောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ​တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၉နာရီခွဲက မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဇီးကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်တွင် အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံမော်တာစက်ချုပ်သင်တန်းကို အင်းတန်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့်နည်းပြများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေး​ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်း​ဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်းရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းနှင့် ပြည်အနောက်ရပ်ကွက်၊ တော်ဝင်လမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်း​ကျောင်းတို့တွင် ကျောင်းဖွင့်ရာသီအမီ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်​ရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအားဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်(၁၀း၂၅)နာရီက စတင်ဆောင်ရွက်ခဲ့ကြသည်။

ရွှေကျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများစတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အ​​ခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများကအေးချမ်းပျော်ရွှင်စွာကျောင်းလာရောက် အပ်နှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to