တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင် လက်ခံ

တမူး မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်းကို မေလ (၂၃) ရက်နေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တမူးမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးလူငယ်တိုင်းအခြေခံပညာရေးကို လက်လှမ်းမီသင်ယူခွင့်ရရှိရေးအတွက် မသင်မနေရပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ကျောင်းမဖွင့်မီ ရက်သတ္တပတ်ဖြစ်သည့် မေလ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်၍ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးနှင့်ကျောင်းနေသည့် ကလေးတိုင်းကျောင်းနေမြဲရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘဆရာအသင်းအဖွဲ့များနှင့် မိဘပြည်သူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တမူးခရိုင် (ပြန်/ဆက်)