မိုးမိတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွဘ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်နေ့မှ မေခလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရှိသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှ စတင်၍ ကျောင်းအပ်ခံနေကြောင်း သိရသည်။

ဂွမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သဘာဝဘေးဖြစ်ပွားသည့်ဒေသများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သွပ်များထောက်ပံ့

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်း(မိုခါ)မုန်တိုင်း တိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရဟိုင်ကူးတို့ကျေးရွာရှိ စာသင်ကျောင်းတွင် အမိုးများပျက်စီးခဲ့သဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက သွပ်(၁၅၉)ချပ်နှင့် သွပ်သံ(၇)ပိဿာနှင့် ၅၀ကျပ်သားကို ယနေ့ညနေ ၄ နာရီအချိန်တွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သွားရောက်ပေးအပ်ခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

သီပေါမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းစတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် “ကျောင်းနေ အရွယ်ကလေးများအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်(၈)နာရီမှစတင်၍ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေး လျက်ရှိသည်။

မိုင်းရယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ ကျောင်းစတင်အပ်နှံ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ ကျောင်းစတင်အပ်နှံခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း အခြေခံပညာကျောင်းများမှ သိရသည်။

ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့်တာဝန်ရှိသူများက မြောက်ဦးမြို့ပေါ်ရှိ ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ ဗိုလ်ချုပ်သောင်းထိုက်ရွှေ ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း မုန်တိုင်းကြောင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျပျက်စီးမှုကို တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင် ရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသော ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် ပျက်စီးသွားသော အဆောက်အဦးများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြန်လည်ပြုပြင်နိုင်ရန်အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဘားအံမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်း

ကရင်တိုင်းရင်းသားမျိုးနွယ်စုအသင်းမှ ကြီးမှူးကျင်းပသော ဘားအံမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်း သင်တန်းဆင်းပွဲကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ရဟန်းတော်များ အသင်းမှ ဆရာတော်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် အားပေးချီးမြှင့်ကြသည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသူဈေးသားများ သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ ရောင်းချရေး ကြပ်မတ်စစ်ဆေးအသိပညာပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ဈေးသူဈေးသားများ သတ်မှတ်စည်းကမ်းချက်များအတိုင်း စနစ်တကျ ဈေးရောင်း ဈေးဝယ်ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဈေးတာဝန်ခံနှင့် ဈေးကော် မတီဝင်များပူးပေါင်းအဖွဲ့က ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to