ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဟားခါးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့ရက္ခိတတပ်ဦးကျောင်းသို့ သွားရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဟားခါးမြို့သို့ရောက်ရှိလာသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ၊ စစ်ဗျူဟာ (အခြေချ) ဟားခါးမှစစ်ဗျူူဟာမှူးနှင့်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များလိုက်ပါလျက် မေလ ၂၂ ရက်နေ့မွန်းလွဲပိုင်းက ဟားခါးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့ရက္ခိတတပ်ဦးကျောင်းများသို့ သွားရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေပစ္စည်းများပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နောင်းပုံကျေးရွာ စိန်ယောဟန်စခန်း၌ မြို့နယ်အတွင်းရှိ IDPs စခန်း (၃)ခုမှ မူလကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား ယနေ့ နံနက် (၉)နာရီက သွားရောက် တွေ့ဆုံအားပေးထောက်ပံ့ခဲ့သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာနှင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယနေ့ နံနက်က မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ပံကျေးရွာနှင့် ကုမုဒြာစာကြည့်တိုက်သို့ သုတရသ စာအုပ်စာစောင် မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

ပုသိမ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေး ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

“မိုခါ” မုန်တိုင်းဘေးသင့်ဒေသများမှ ပြည်သူများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံကုမ္ပဏီ လုပ်ငန်းရှင်များနှင့် ‌စေတနာအလှူရှင်များ စုပေါင်း၍ ငွေကျပ်သိန်း (၃၄၀၀)ကျော် လှူဒါန်း

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြတ်သန်းတိုက်ခတ်မှုကြောင့် သဘာဝ ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံကုမ္ပဏီလုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်များ၏ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရသစ်ပင်များစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး စိုက်ပျိုးမည့်နေရာများအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ကျိုက်လတ်၌ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စိုးလွင် ကျောင်းဖွင့်ရာသီအသင့် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ အနေဖြင့် မေလ(၂၃)ရက်နေ့တွင် ကျောင်းအပ်စတင်လက်ခံပြီး ကျောင်းဖွင့်ရာသီ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်စိုးလွင်နှင့် တာဝန်ရှိသူများက ကျောင်းဖွင့်ရာသီ အသင့်ပြင်ဆင်ထားရှိမှုများအား ယနေ့နံနက်(၁၀)နာရီခန့်က အမှတ်(၁)နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ကျုံပျော်တွင် ငါးမျိုးပြုန်းတီးမှုမရှိစေရန် အသိပေးကြော်ငြာစာရွက်များဖြန့်ဝေ

ငါးမျိုးပြုန်းတီးမှုမရှိစေရန် ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ် စားသုံးနိုင်ရန်အတွက် အများပြည်သူများသို့ အသိပေးကြော်ငြာ စာရွက်များ ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ မေလ ၂၁ ရက်နေ့က လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံရေးနေ့မတိုင်မီ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယနေ့ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက သွားရောက်၍ ကျောင်းအပ်နှံရေးနေ့မတိုင်မီ ကျောင်းဥပတိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ သွေးလွန်တုတ်ကွေး ကာကွယ်ရေးပြင်ဆင်ပြီးစီးမှု၊ ကျောင်းအပ်နှံမည့်နေရာများ၊ ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်း(၁၀၃၉)ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယနေ့ တနင်္လာ‌နေ့၊ မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိသည်။
Subscribe to