ကျွန်းလှမြို့နယ်၌ ၂၀၂၃-၂၀၂‌၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသား၊ ကျောင်သူများအား ကျောင်းအပ်စတင်လက်ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြခံပညာ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီက ကျောင်းအပ် စတင်လက်ခံခြင်း ဆောင်ရွက်ကြောင်း သိရသည်။

ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများ သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား အလှူငွေများ ထောက်ပံ့ပေးအပ်ပြီး သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှုရှိမရှိ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီက သံတွဲ မြို့နယ် ဆင်ခေါင်းကျေးရွာအုပ်စုရှိ လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပြီး သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်များ ပျက်စီးဆုံးရှုံးမှုရှိမရှိ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး CITIC Group (Myanmar )Co,.ltd မှ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဒေသများသို့ ပြန်ထည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားသို့တက်ရောက်

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော CITIC Group (Myanmar)Co,.ltd မှ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့်ဒေသများသို့ ပြန်ထည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့ လှူဒါန်းသည့် အခမ်းအနားသို့တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

စစ်ကိုင်းမြို့တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မေ(၂၃)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ် တောင်ညိုကျေးရွာအနီး မဟာမင်းထင် ဘုန်းတော်ကြီးကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ မာန်အောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ​တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည် ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ မာန်အောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ​တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် နွေရာသီဖလား (SUMMER CUP) အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် နွေရာသီဖလား (SUMMER CUP)အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဗန်းမော်ခရိုင် ပြည်သူ့အားကစားကွင်းတွင်  မေလ ၂၂ ရက် ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အားကစားကွင်းတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးလက်ရွေးစင်များ နေထိုင် စားသောက်မှုများအား လာရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန် ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းက လယ်ဝေးမြို့နယ်အားကစားကွင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံး လက်ရွေးစင်များစခန်းသွင်းလေ့ကျင့်မှုနှင့် အာဟာရကျွေးမွေးမှုများကို သွားရောက်ကြည့်ရှု့ အားပေးစကားပြောကြားခဲ့သည်။

ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျပ်သန်းပေါင်း ၉၀၀၀ ကျော်ဖြင့် ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ဇီးကုန်းမြို့တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၁၈၈၅ ဒသမ ၂၃၇ သန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၇၁၄၄ ဒသမ ၁၃၄ သန်း စုစုပေါင်း ကျပ် ၉၀၂၉ ဒသမ ၃၇၁ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။
Subscribe to