ပုသိမ် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေး အားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံတက်ရောက်စေရေးအတွက် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းစည်းရုံးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိုးပိုင် ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မရမ်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ရွှေမြင်တင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ KG နှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံရေးအတွက် ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့သည်။ အလားတူပင် အဖွဲ့ဝင်(၃) လ.ဝ.ကဦးစီးမှူး ဦးကျော်ထွန်း ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကမ်းနီကျေးရွာအုပ်စု၊ လှည်ကျော်ကုန်းကျေးရွာ အ.ထ.က(ခွဲ)တွင် အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံ၍ KG နှင့် ကျောင်းနေအရွယ် ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းစည်းရုံး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်
ပုသိမ်ခရိုင် (ပြန်/ဆက်)