ရွှေကျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများစတင်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများကအေးချမ်းပျော်ရွှင်စွာကျောင်းလာရောက် အပ်နှံပေးလျက်ရှိကြောင်း သိရသည်။