ကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူးရုံးရှိ မြတ်ပညာ ခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်မိုးနေကြာစိုက်ခင်း(၁၀)ဧကအားစံကွက်ရိတ်သိမ်းရာ တစ်ဧက(၃၁)တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆီထွက်သီးနှံဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် နေ ကြာမျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိပြီး စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းရေးနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ရေး နည်းပညာများကူညီပံ့ပိုးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မှိုင်းပန်ကျေးရွာ၊ကွင်းအမှတ်(၂၃၀/ဃ)၊တောင်သူဦးဝင်းနိုင်၏ မျိုးစေ့ထုတ်မိုးနေကြာ (၁၀) ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက(၃၁)တင်း ထွက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပုသိမ်)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာ များ တက်ရောက်ခဲ့ကြသည်။

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth Club)အဖွဲ့ဝင် ကျောင်းသားလူငယ်များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသည့် ပညာနှင့်ကန်တော့ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ပြုလုပ်ဆောင်ရွက် ခဲ့သည်။

ရေကြည်မြို့နယ်၌ အ​ခြေခံပညာကျောင်းများတွင် စာသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်​ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချလျက် ရှိသော မုန့်ဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ရောင်းချ မှုရှိ/မရှိ ကွင်းဆင်းစစ်​ဆေးခြင်းနှင့် အသိပညာ​ပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ​ဒေါ်ချယ်ရီမြင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပြီး အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ပင်စင်လစားများကို လစဉ်(၂၁)ရက်နေ့နောက်ပိုင်းတွင် ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်စင်လစာများကို ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပလောက်မြို့ အမှတ်(၃)ရပ်ကွက်(ဖိုးပြန်ကုန်း)ရှိ စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို နှစ်ပတ်လျှင်တစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ရပ်ကွက်(ဖိုးပြန်ကုန်း)သို့ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်၌ စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယ‌နေ့ နံနက် (၈) နာရီအချိန်က ဗထူးရပ်ကွက်နှင့် ကျားချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေး Talk Show ကော့မှူး၌ ကျင်းပ

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်ပညာရေး အသိပညာ ပေး  (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စည်ပင်သာယာမှု အေးချမ်းတည်ငြိမ်မှုများ ရရှိခံစားနိုင်ရန် အဓိကကျသော အချက်တစ်ခုသည်ကား ပညာရည်ထူးချွန်ပြောင်မြောက်မှုဖြင့် တိုင်းတာသောကြောင့်  လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်ပညာရေး အသိပညာပေး Talk Show ကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to