ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်းကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းမိသားစုများစုပေါင်း၍ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ဝါတိုးအလယ် ရပ်ကွက်ရှိ ရွှေပြည်သာမြောက်ကျောင်းစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၅)ကြိမ်မြောက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အစဉ်အလာမပျက်နှစ်စဉ် ကျင်းပပြုလုပ်သည့် (၇၅) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ သခွားသီးလှိုင်လှိုင်ပေါ်ချိန် တစ်လုံး ၂၀၀ ကျပ်ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများစိုက်ပျိုးသည့် သခွားသီးများ လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကောင်းနေခြင်းကြောင့် စိုက်ပျိုးသည့်တောင်သူများ အဆင်ပြေတွက်ခြေကိုက်နေကြကြောင်း သခွားစိုက်ပျိုးတောင်သူ မုန့်ကုန်းကျေးရွာ ဦးနေမျိုးထွန်းထံက သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်ပညာရေးမှူးရုံးက တာဝန်ခံကျင်းပသည့် အခြေခံပညာကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉) နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပ သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ‌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ လပွတ္တာခရိုင်ပညာရေးမှူး ကိုယ်စား၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းတို့က အမှာစကားများ အသီးသီးပြောကြားသည်။

လိပ်သိုမြို့ မာဒေးကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေးအတွက်  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို  ယနေ့နံနက်ပိုင်းက မာဒေးကျေးရွာ၌ အသိပေး နှိုးဆော်ခဲ့ကြသည်။

နမ့်ဆန်မြိုနယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)၊ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများကို နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၆၃၆,၈၉၀ ဦးထိုးပေးနိုင်ပြီဖြစ်ကာ Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပြီးသူ ၅,၈၂၁ ဦးထိုးပြီး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၆၃၆,၈၉၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ရေကြည်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဒေသခံပြည်သူ များအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုဘိုင်းစနစ်ဖြင့် နည်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသောဗဟုသုတများ တိုးပွားလာစေရေးအတွက် မိုဘိုင်းစနစ်ဖြင့် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက  စာအုပ်၊ စာစောင်များအား လက်ဝယ်အရောက် ငှားရမ်းပေးခဲ့သည်။

သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက်(၁၁)နာရီက လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to