မိုးမောက်မြို့၌ လေပြင်းတိုက်ခိုက်၍ လျှပ်စစ်ဓာတ်မီးတိုင် ၄ တိုင်ပြိုလဲမှုဖြစ်ပွား

မိုးမောက် မေ ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက် ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်၌ ယနေ့ နံနက် ၇ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့်  ၁၁ ကေဗွီ ဓာတ်အားလိုင်းပေါ်သို့ လေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျပိသဖြင့် ၁၀ မီတာကွန်ကရစ်တိုင် ၄ တိုင် ကျိုးကျ၍   တိုင်မှာ တိုင်ခြေမှ ကွဲအက်သွားပါကြောင်း သိရသည်။

အဆိုပါ ဓာတ်တိုင်ပြိုလဲကျမှုတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် (၉၀၀၀၀ဝိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ပါကြောင်းနှင့် ခရီးသွားပြည်သူ များ သွားလာရေးလမ်းကြောပိတ်ဆို့မှုမရှိစေရေးအတွက် ဗန်းမော်-မြစ်ကြီးနား ကားလမ်းမပေါ်သို့ လှဲကျနေသည့် သစ်ပင်နှင့် ဓာတ်တိုင်များအား ရှင်းလင်းရေးလုပ်ငန်း ပြီးစီးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)