မြစ်သားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများအား ကျောင်းစတင်အပ်နှံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ယမန်နေ့နံနက်(၉)နာရီအချိန်မှ စတင်ပြီး ကျောင်းအပ်နှံမှုကို စတင်လက်ခံလျက်ရှိရာ ကျောင်းများတွင် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများကများပြားစွာ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)ကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဗဟန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အ​ခြေခံပညာ​​ကျောင်းများ၌ ကျောင်းအပ်လက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ရည်ရွယ်၍ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယ​မန်နေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် အောင်မင်္ဂလာလမ်းရှိ မင်္ဂလာသုခပါဠိတက္ကသိုလ်တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံ 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းမှ ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းသားမိဘများက ကျောင်းသား၊ ကျောင်းသူများအား လာရောက်အပ်နှံလျက်ရှိသည်။

ကမမောင်းမြို့၌ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခွဲဝန်းအတွင်း သန့်ရှင်းသာယာ လှပစေရေးအတွက် ယနေ့နံနက် (၈)နာရီအချိန်က သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၄၀)ရပ်ကွက်တွင် ပြည်သူများအား ကို​ဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးကွင်းဆင်းထိုးနှံပေး

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်  ကို​ဗစ်-၁၉​ ရောဂါကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို စဥ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​မန်နေ့‌နံနက်ပိုင်းက အမတ်(၄၀)ရပ်ကွက်ရှိ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းတွင် ရပ်ကွက်နေပြည်သူ စုစု​ပေါင်း(၂၀၅)ဦးအား ကိုဗစ်-၁၉ ​ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့အခြေခံပညာအထက်တန်းကျောင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပ စေရေးအတွက်ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မေ ၂၄ ရက် နံနက် (၇) နာရီအချိန်က ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။       

ဆွမ်ပရာဘွမ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီးအဆိုပါကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား စတင်လက်ခံ‌ပေးလျက်ရှိကြောင်း သိရသည်။

သနပ်ပင်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်စတင်လက်ခံ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက်(၈)နာရီမှ စတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများနှင့်အတူ မိဘများက ကျောင်းလာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
Subscribe to