ဒေးဒရဲမြို့၌ ၂၀၂၃- ၂၀၂၄ ခု ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား ကြည့်ရှုအားပေး

ဒေးဒရဲ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်(၉) နာရီက စတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံ ပြီးစီးရေးနှင့် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့နေမှုများကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ကြည့်ရှုအားပေးခြင်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စိုးလွင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ အားပေး စကားပြောကြားကာ မိမိပတ်ဝန်းကျင်ရှိ ကျောင်းသား၊ ကျောင်သူများ အချိန်မီကျောင်းအပ်နှံရေး နှင့် ကျောင်းဖွင့်ချိန်အမီ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အခြေခံပညာအထက်တန်း (၁၉)ကျောင်း၊ အခြေခံပညာအထက်တန်း(ခွဲ) (၃၂)ကျောင်း၊ အခြေခံပညာ အလယ်တန်း (၂၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (၂၃)ကျောင်း၊ အခြေခံပညာမူလတန်းလွန်(၁၂)ကျောင်း၊ အခြေခံ ပညာမူလတန်း(၁၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး (၂)ကျောင်း၊ စုစုပေါင်း(၂၂၁)တွင် ကျောင်းအပ်နှံရေးနေ့အဖြစ် မေလ(၂၃)မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများအား အခမဲ့စနစ်ဖြင့် ကျောင်းအပ်နှံခြင်းနှင့် နိုင်ငံတော်မှ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကိုပါ အခမဲ့ထောက်ပံ့ပေး လျက်ရှိကြောင်း သိရ သည်။

အေဇာလင်း