ကသာ မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်နှံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရ သည်။
ကသာမြို့တွင် အခြေခံပညာကျောင်း(၅၁)ကျောင်း၌ KG တန်းမှ GRADE-12 အထိ သက်ဆိုင်ရာ ကျောင်းများမှ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ/ဆရာမများမှ ကျောင်းအပ်ခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိကာ ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာ စာအုပ်များနှင့် စာရေးကိရိယာများကို (အခမဲ့)ထုတ်ပေးခဲ့သည်။
အဆိုပါ ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုကို ကသာခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြပြီး ကျောင်းများတွင် လိုအပ်သည် များကို အကြံပြုဆွေးနွေးပြောကြားခဲ့သည်။ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံ ပညာကျောင်းပေါင်း အထက်တန်းကျောင်း (၃)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၆)ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၀)ကျောင်း၊ မူလတန်းကျောင်း (၁၆)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၁) ကျောင်းပေါင်း (၅၁)ကျောင်းရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခမဲ့ကျောင်းအပ်နှံ ကြရမည်ဖြစ်ပြီး နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့်စာရေးကိရိယာများ ထောက်ပံရရှိမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာ(ကသာ)