မိုင်းဆတ် မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့နံနက်(၉)နာရီက အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူတို့က ကျောင်းအပ်နှံမှုအခြေအနေအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံမှုအခြေအနေအား အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အေးမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းနှင့် တာဝန်ရှိသူတို့က အထက(မိုင်းဆတ်)နှင့် အထက(ခွဲ)(လ-၁)ကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံမှုအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)