ဘိုကလေးမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ဘိုကလေး-ဖျာပုံကားလမ်းဘေး၊ ကွင်းအမှတ်(၇၀၈)၊ ဦးပိုင်အမှတ်(၉၁)၊ ဧရိယာ(၄)ဧကရှိ တောင်သူ ဦးအေးဝင်း၏ လယ်ယာမြေတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က နွေစပါးစိုက်ပျိုးရာသီ၌ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။