မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သံဃာတော်၊ သီလရှင် (၁၄၇၀)ပါးအား မူဆယ်မြို့နယ်လုံးကျွတ် (စတုတ္ထအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြို့နယ်လုံးကျွတ် (စတုတ္ထအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ဝင်မီးပွိုင့်လမ်းဆုံမှ သိန်းသန်းချီ အဝေးပြေးကားကွင်းသွား လမ်းမကြီးတလျှောက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။