၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ကျင်းပ

ဒဂုံတောင် ဧပြီ ၃

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဧပြီ(၁)ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနှင့် စမ်းချောင်းမြို့နယ်၊ ပဒုမ္မာအားကစားကွင်းတို့တွင် ကျင်းပရာ ဧပြီ ၁ ရက် နံနက် ၇နာရီခွဲနှင့် မွန်းလွဲ ၃နာရီခွဲတို့တွင် ဗိုလ်တထောင်ခရိုင်အသင်းနှင့် မင်္ဂလာဒုံခရိုင်အသင်း၊ ဒဂုံမြို့သစ်ခရိုင်အသင်းနှင့် တိုက်ကြီးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။

ထိုသို့ယှဉ်ပြိုင်ကစားကြရာ မင်္ဂလာဒုံခရိုင်အသင်းက ဗိုလ်တထောင်ခရိုင်အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဒဂုံမြို့သစ်ခရိုင်အသင်းက တိုက်ကြီးခရိုင်အသင်းကို (၄)ဂိုး (၃)ဂိုးဖြင့်လည်း‌ကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာပြီး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမား များစွာပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးအောင်