နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှု

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/သူများ လူငယ်လူရွယ်များနှင့်ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

မောက်မယ်မြို့နယ်၌ နွေရာသီပန်းချီသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် နွေရာသီပန်းချီသင်တန်းကို ဧပြီ ၁ ရက်နေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စျေးတန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ ဒေသတွင်းနွားမျိုးကောင်းမျိုးသန့် ပြန့်ပွားစေရေး မေထုံမဲ့သားစပ်နည်းဖြင့် ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် နွားမျိုးကောင်း မျိုးသန့်များ ပြန့်ပွားစေရေးအတွက် မေထုံမဲ့သားစပ်နည်းဖြင့် ဒေသနွားမျိုးများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ (၁၀၃)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၁၀၃)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ဧပြီ ၁ရက်နေ့ နံနက်(၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

သာစည်မြို့နယ် စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းစျေး၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၏ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းစျေး၊  ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဧပြီ ၁ ရက်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

သရက်မြို့၌ (၁၀၃)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၁၀၃)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ဧပြီ ၁ရက်နေ့ နံနက်(၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ(၂)ရက် နံနက် (၇) နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစစ်တုရင်သင်တန်း ၂/၂၀၂၆ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံစစ်တုရင်သင်တန်း ၂/၂၀၂၆ ကို ဧပြီ ၁ရက်နေ့ နံနက်ပိုင်းက စတင်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင်းရှိ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

ပျဉ်းမနားမြို့နယ်တွင်းရှိစက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးအတွက် စဉ်ဆက်မပြတ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to