မိုင်းရယ်မြိုနယ်တွင် လိုင်စင်မဲ့မော်‌တော်ယာဉ်များ အသုံးပြုခြင်းမရှိစေရေးနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီဈေးနှုန်းသတ်မှတ်နှုန်းထားအတိုင်း ရောင်းချမှု ရှိ၊မရှိ တာဝန်ရှိသူများစစ်ဆေး

မိုင်းရယ် ဧပြီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ရဲတပ်ဖွဲမှူး ရဲမှူးမျိုးသန့်ဦးဆောင်၍ ဌာနဆိုင်ရာများပါဝင်သည့် ပူး‌ပေါင်းအဖွဲ့သည် မြိုနယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ အသုံးပြုခြင်းမရှိစေရေးနှင့် စက်သုံးအရောင်းဆိုင်များတွင် စက်သုံးဆီဈေးနှုန်းသတ်မှတ်နှုန်းထားအတိုင်း ရောင်းချမှု ရှိ၊ မရှိကို ဧပြီ ၁ ရက် နံနက် ၁၀ နာရီက မြို့အဝင်ဂိတ်နှင့် စက်သုံးဆီဆိုင်များတွင် စစ်ဆေးခဲ့သည်။

အဆိုပါ ပူး‌ပေါင်းအဖွဲ့သည် မြို့အဝင်ဂိတ်တွင် မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ရပ်တန့်စေ၍ ယာဉ်မောင်းလိုင်စင်များစစ်ဆေးခြင်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ဆောင်ရွက်သည်။

ဆက်လက်၍ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ သတ်မှတ်နှုန်းထားအတိုင်း ရောင်းချခြင်းရှိ၊ မရှိ၊ စနစ်တကျရောင်းချမှုရှိစေရေးနှင့် အရည်အသွေးမှန်ကန်စေရေး၊ လိုင်စင်မဲ့မော်‌တော်ယာဉ်များအား စက်သုံးဆီရောင်းချခြင်းမရှိစေရေးတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)