လယ်‌ဝေးမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်

လယ်ဝေး ဧပြီ

ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူ၊ လူငယ်များနွေရာသီကျောင်းပိတ်ရက်များတွင် မိမိဝါသနာပါသည့် အားကစားနည်းများကို စနစ်တကျသင်ယူနိုင်ပြီး ကျန်းမာကြံ့ခိုင်သည့် ဘက်စုံထူးချွန်သော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

လယ်ဝေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်များအတွက် ဘောလုံး၊ ဖူဆယ်၊ ကြက်တောင်၊ လက်ဝှေ့၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ မြန်မာ့သိုင်းစသည့် အားကစားနည်းများကို မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ရက်နေ့ အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)