ပျဉ်းမနား ဧပြီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူ၊ လူငယ်များအတွက် နွေရာသီကျောင်းပိတ်ကာလအတွင်း မိမိဝါသနာပါသည့် အားကစားနည်းများကို စနစ်တကျလေ့လာသင်ယူနိုင်ရေးအတွက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများအားကို ပေါင်းလောင်းအားကစားကွင်းနှင့် သတ်မှတ်ထားသည့်အခြေခံပညာကျောင်းများတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်များအတွက် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ အေရိုးဗစ်စသည့် အားကစားနည်းများကို အခြေခံသင်ကြားပေးခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းများကို မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)