ဆင်ပေါင်ဝဲမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဆင်ပေါင်ဝဲ ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြန်မာ့သက္ကရာဇ် ၁၃၈၇ - ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းထံမှ သိရသည်။

မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယိမ်းအကများကို ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များရှိ ယိမ်းအဖွဲ့အသီးသီးမှ သက်ဆိုင်ရာနေရာများတွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက်၌ ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ရှေ့တွင် တစ်ဆက်တည်း ပြုလုပ်သွားမည်​​ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)