ရာမညမြေအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းဝင် အသင်းသားများသို့ အခြေခံစားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရာမညမြေအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းဝင် အသင်းသားများသို့ နှစ်သစ်ကူးကာလအတွက် အခြေခံစားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။