သရက်မြို့၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

သရက် ဧပြီ ၃

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများ အားအခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ဧပြီ ၁ ရက်နေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အောက်ထပ်၌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးရန် လာရောက်သည့် ဝန်ထမ်းအငြိမ်းစားများအား ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးကကြီးကြပ်မှုဖြင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချို၊ဆီချိုရောဂါစစ်ဆေးပေးခြင်း၊ ECGစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးဝါးများကို အခမဲ့စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)