သံဖြူဇရပ်မြို့နယ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှုများစတင်ဆောင်ရွက်

သံဖြူဇရပ် မေ ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ကျောင်းအပ်နှံမှု စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းသီတင်းပတ်အနေဖြင့် မေ ၂၃ ရက်မှ မေ ၃၁ ရက်နေ့အထိ နေ့စဥ်ပိတ်ရက်မရှိ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သက်ဆိုင်ရာကျောင်းများရှိ ဆရာ၊ ဆရာမများက စနစ်တကျ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ရာ “ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ၏ မိဘများမှလည်း လာရောက်ကျောင်းအပ်နှံကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိကျောင်းနေအရွယ်ကလေးများအားလုံးကို တစ်ဦးလျှင် ဗလာစာအုပ် ၁ ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ် ၁ စုံ၊ ကျောင်းဝတ်စုံ ၁ စုံနှင့် စာရေးကရိယာများကို အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)