ရွှေကျင် မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများကအေးချမ်းပျော်ရွှင်စွာကျောင်းလာရောက် အပ်နှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများက ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးဌာနအနေဖြင့် ကျောင်းအပ်နှံစေရေးအတွက် "ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်ပါ အသိပညာပေးဆိုင်းဘုတ်များကို အခြေခံပညာကျောင်းများနှင့် မြို့တွင်းရှိ လူစည်းကားရာနေရာများ လမ်းဆုံလမ်းဂွများတွင် စိုက်ထူနှိုးဆော်ထားရှိကြောင်းနှင့် ကျောင်းလာရောက်အပ်နှံသည့်ကျောင်းသား၊ ကျောင်းသူများအား မူလတန်းအဆင့်တွင် ဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းနှင့်အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး ကျောင်းအပ်နှံခြင်းကို မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)