ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပ

ဗဟန်း မေ ၂၃

မြန်မာစာအရေးအသားမှန်ကန်စွာ ရေးသားတတ်စေရန်၊ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကို ယနေ့၊နံနက်(၁၀)နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှူးက ယနေ့ခေတ်လူငယ်၊ လူရွယ်များမြန်မာစာပေကို ချစ်မြတ်နိုးတတ်စေရန်၊ မြန်မာစာပေရေးသားရာတွင် စာလုံးပေါင်းသတ်ပုံမှန်ကန်စေရန်၊ အသိပညာဗဟုသုတရရှိစေရန်အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း‌ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲတွင် မြန်မာစာသတ်ပုံစာလုံးများအား အမှား၊ အမှန်ယှဉ်တွဲ၍ အမှန်ရွေးချယ်စေပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင် ပေးအပ်ခဲ့‌ကြောင်း သိရသည်။

စန္ဒာမိုး