သန်လျင် မေ ၂၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယနေ့နံနက်မှစတင်၍ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများက အတန်းအသီးသီးသို့ လာရောက်အပ်နံကြသော ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ အဆင်ပြေစွာအပ်နှံနိုင်ရေး ကူညီဆောင်ရွက်ပေးကြသည်။
ကျောင်းအပ်နံရေးသီတင်းပတ်အဖြစ်ယနေ့မေ ၂၃ ရက်မှ ၃၁ ရက်နေ့ထိလက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်မှ အခမဲ့ကျောင်းအပ်နှံခွင့်၊ အထက်တန်း၊ အလယ်တန်းမူလတန်းကျောင်းသားကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး မူလတန်းကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ အခမဲ့ထောက်ပံ့ပေးထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ ဆက်)