တန့်ယန်းမြို့နယ် တပ်ဦးကျောင်တိုက်၏ (၃၈) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ တပ်ဦးကျောင်းတိုက်၏ (၃၈) ကြိမ်မြောက် တပ်နယ်မိသားစု၏ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကို တပ်ရင်းတပ်ဖွဲ့များနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများ ထပ်မံထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်း ပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အမာမြို့၌ စာပေအကျိုးကျေးဇူးအသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ် (၁၂)နာရီက စာပေအကျိုးကျေးဇူး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ Fitnessdance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ Fitnessdance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂၈)ရပ်ကွက်၊ ‌ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာခန်းမ၌ ကျင်းပသည်။

ပန်းတနော်မြို့တွင် မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြသခြင်းကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ပခုက္ကူဈေးကွက်တွင် ရာသီစာသဘာဝမှိုများ ရောင်းအားကောင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့မဈေးကြီးအပါအဝင် ယာယီပျံကျဈေးများတွင် ရာသီစာသဘာဝမှိုများလာရောက် ရောင်းချနေကြရာ ဝယ်ယူစားသုံးသူများပြားပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ကွမ်းခြံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းခြံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိကြောင်း သံရွာကျေးရွာမှ ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

မြောင်းမြမြို့ ဝဲကလေးကျေးရွာ၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုချီးမြှင့်

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ မြောင်းမြ ခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များအား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့် ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဝဲကလေး ကျေးရွာ၌ ကျင်းပခဲ့သည်။

အောင်လံမြို့၌ စားသုံးသူရေးရာ အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ စာသုံးသူရေးရာ အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
Subscribe to