လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင် ကျောင်းအပ်လက်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း ယနေ့နံနက် (၈:၀၀)နာရီအချိန်မှ စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် စတင်ကျောင်းအပ် လက်ခံလျက်ရှိသည်။

၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက်  ကျောင်းသား/ သူများအား ကျောင်းအပ်နှံခြင်း သုံးခွမြို့နယ်တွင် စတင်လက်ခံ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သုံးခွမြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်းသိရသည်။

သာယာဝတီမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ

ပဲခူးတိုင်းဒေသကြီး၊ သာယဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်း ထူးခြားဖြစ်စဥ် သတင်းများနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ စောလျင်စွာ တိကျ မှန်ကန်သော မြေပြင်သတင်းအမှန် ရရှိစေရေး သတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန OSS အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စတင်ကျောင်းအပ်လက်ခံ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

သမဝါယနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အိမ်တွင်းမှု နည်းပညာသင်တန်းကျောင်း(ပုသိမ် ) တို့ပူးပေါင်း၍ မေလ(၈)ရက်နေ့မှ မေလ (၂၂)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက  ကြံခင်းမြို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။

ရသေ့တောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၉နာရီအချိန်မှ စတင်ပြီး ရ‌သေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံဂစ်တာတီး သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စိတ်လေလွင့်မှု လျော့နည်းစေရန်၊ ဂီတကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် ဂစ်တာတီးဝါသနာပါပြီး တစိုက်မတ်မတ် လေ့လာလိုသူများ လေ့လာနိုင်စေရန် ရည်ရွယ်၍ အခြေခံ ဂစ်တာတီးသင်တန်းအား ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to