မိုးညှင်း မေ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ် လက်ခံခြင်းကို မေလ (၂၃)ရက်မှ စတင်၍ အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၂)ကျောင်းရှိသည့် အနက် (၁၉၉)ကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသော ဆောင်ပုဒ်နှင့် အညီ မိုးညှင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူ များအား ပညာသင်ကြားခွင့်ရရှိရေးအတွက် ကျောင်းအပ်လက်ခံ ခြင်းများကို ဆောင်ရွက်လျက်ရှိရာ အခြေခံပညာ အထက်တန်းကျောင်းတွင် (၂၀)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၀)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၈)ကျောင်း၊ မူလတန်းကျောင်း (၁၁၆)ကျောင်း၊ မူလတန်းကျောင်းခွဲ (၄)ကျောင်းနှင့် ဘုန်းတော်ကြီး သင် မူလတန်းကျောင်း (၂)ကျောင်း စုစုပေါင်းကျောင်း (၁၉၉)ကျောင်းတွင် မေလ(၂၃)ရက်မှ ဇွန်လ (၁)ရက်ထိ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် စာသင်ကျောင်းများတွင် လာရောက်အပ်နှံလျက် ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)