ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

သမဝါယနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အိမ်တွင်းမှု နည်းပညာသင်တန်းကျောင်း(ပုသိမ် ) တို့ပူးပေါင်း၍ မေလ(၈)ရက်နေ့မှ မေလ (၂၂)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက  ကြံခင်းမြို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။

ရသေ့တောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၉နာရီအချိန်မှ စတင်ပြီး ရ‌သေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံဂစ်တာတီး သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စိတ်လေလွင့်မှု လျော့နည်းစေရန်၊ ဂီတကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် ဂစ်တာတီးဝါသနာပါပြီး တစိုက်မတ်မတ် လေ့လာလိုသူများ လေ့လာနိုင်စေရန် ရည်ရွယ်၍ အခြေခံ ဂစ်တာတီးသင်တန်းအား ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ မေလ(၂၃)ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကျောင်းအပ်လက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၃ ရက်နေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှု စတင်လက်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ နံနက် ၈ နာရီအချိန်က ကျောင်းအပ်နှံမှု စတင်လက်ခံလျက်ရှိရာ မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရန် လာရောက်ကြသော ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်

မန္တလေးတိုင်းဒေကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပမှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတစ်ဝှမ်း သစ်တောစိမ်းလန်းစိုပြေရေးနှင့် သစ်ပင်သစ်တောများ ပေါများလာပြီး ရာသီဥတု ကောင်းမွန်မျှတရေး တို့ကိုရည်ရွယ်၍ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကို ယမန်နေ့ နံနက်(၉:၀၀) နာရီအချိန်က၊ အမှတ်(၄)ရပ်ကွတ်၊ အ.ထ.က(၁)ကျောင်းဝင်းအတွင်း၌ ကျင်းပ ဆောင်ရွက်ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်မြေများအား ထုံးထည့်သွင်းစိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကျေးရွာများရှိ တောင်သူများ၏ စိုက်ပျိုးမြေများ အထွက်နှုန်းပိုမိုတိုးတက်စေရေးအတွက်နည်းပညာနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သံဒိဇီးဖြူကုန်း ကျေးရွာအုပ်စုရှိ စိုက်ပျိုးမြေများတွင် မြေဆီလွှာဓာတ်ခွဲစစ်ဆေးချက် ရလဒ်များအရ အချဥ်ဓာတ် များလျက်ရှိသော လယ်မြေများအား အချဥ်ဓာတ်လျော့နည်း၍ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ထုံးထည့်သွင်းစိုက်ပျိုးခြင်းသရုပ်ပြပွဲ အခမ်းအနားကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှု စတင်လက်ခံဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ နံနက် ၈ နာရီအချိန်က ကျောင်းအပ်နှံမှု စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
Subscribe to