လောက်ကိုင် မေ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသအတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းအပ်နှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများက ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပညာရေးဌာနမှ “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ အအသိပညာပေးဆိုင်းဘုတ်များကိုလည်း အခြေခံပညာကျောင်းများရှေ့တွင် စိုက်ထူနှိုးဆော်ထားကြောင်း၊ ကျောင်းအပ်နှံလာသည့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ဗလာစာအုပ်၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ အလယ်တန်းအဆင်နှင့် အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဌာန်းစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး ကျောင်းအပ်နှံခြင်းကို မေလ ၂၃ ရက်နေ့မှ ၃၁ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
ညိုညိုဝင်း (လောက်ကိုင်)