ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံ

ကျောက်ပန်းတောင်း မေ ၂၃

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသားသစ်များ ကျောင်းအပ်လက်ခံခြင်းကို၊ ယနေ့နံနက်(၉) နာရီမှ စတင်၍ အခြေခံပညာကျောင်းအသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းအပ်လက်ခံခြင်းများကို မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် လက်ထောက်ပညာရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းများ၌ ကျား ၉၉၇၈ ဦး၊ မ ၁၀၁၂၉ ဦး စုစုပေါင်း ၂၀၁၀၇ ဦးတက်ရောက်ခဲ့ကြောင်း သိရပြီး၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် KG မှ G-5 အထိ မူလတန်းအဆင့်တွင်  ကျား ၁၁၂၆၄၊ မ ၁၁၁၂၇ စုစုပေါင်း ၂၂၃၉၁ ဦး၊ G-6 မှ G-9 အထိ အလယ်တန်းအဆင့်တွင် ကျား ၄၃၇၅၊ မ ၄၃၇၉  စုစုပေါင်း ၈၇၅၄ ဦး၊ G-10 မှ G-12 အထိ အထက်တန်းအဆင့်တွင် ကျား ၁၈၃၆ ၊ မ ၂၃၆၅ စုစုပေါင်း ၄၂၀၁ ဦး တက်ရောက်ရန် လျာထားပြီး စုစုပေါင်း ကျောင်းသားဦးရေ ကျား ၁၇၄၇၅ ဦး၊မ- ၁၇၈၇၁ ဦး စုစုပေါင်း ၃၅၃၄၆ ဦးတက်ရောက်ရန် လျာထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ကျောင်းအပ်လက်ခံရာတွင် ငွေကြေးကောက်ခံခြင်း လုံးဝမရှိဘဲ ကျောင်းသား/ကျောင်သူ တစ်ဦးချင်းအား အတန်းလိုက် အခမဲ့ ထောက်ပံ့သွားမည် ဖြစ်ကြောင်းနှင့် KG မှ Grade-5 အထိ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံ နှင့်ဗလာစာအုပ်များ၊ ခဲတံများ၊ ကျောင်းဝတ်စုံများကို ကျောင်းအပ်သည့်နေ့မှာပင် တစ်ပါတည်း အခမဲ့ ထောက်ပံ့ပေးအပ်ကြောင်း မြို့နယ်ပညာရေးမှူးက ပြောသည်။

နေအောင်(ပြန်/ဆက်)