နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာမှုရှိစေရန် ရည်ရွယ်၍“လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယနေ့ မွန်းလွှဲ ၁နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့‌‌ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အခြေခံပညာကျောင်းများကျောင်းအပ်နှံခြင်းလက်ခံဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဟူသောဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးအဖြစ် ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံခြင်းလက်ခံဆောင်ရွက်ပေးကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၁ ရက်အထိ ပေါက်တောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ကြသည်။

ကေ့ာကရိတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ကေ့ာကရိတ်မြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့နံနက်(၉)နာရီကစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ရေကြည်မြို့နယ်တွင် အခြေခံကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယနေ့နံနက် (၉) နာရီမှ စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်စတင်လက်ခံ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

မြစ်ကြီးနားမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မြစ်ကြီးနားမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ မြစ်ကြီးနား မေ ၂၂ ခရိုင် (ပြန်/ဆက်)

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများအား ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ နိုင်ငံတစ်ဝန်းတွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်၍ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်း များတွင် မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်အစီအစဉ်ကို စတင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Subscribe to