ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ကြက်သား၊ ကြက်ဥနှင့်ရာသီပေါ်သီးနှံများကို သက်သာသော စျေးနှုန်းများဖြင့်ရောင်းချ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်တွင်းကြီး တပ်နယ်အခြေခံစား သောက်ကုန်နှင့် အသားငါး၊ ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မ စည်ပင်သာယာရေးစျေးအနီးရှိ ဥပဒေရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။