မိုင်းဆတ် မေ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က စီမံကိန်းလုပ်ငန်းတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်း ဦးစီးမှူး ဦးသက်ခိုင်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်နှင့် လုပ်ငန်းစီမံကိန်းတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က လယ်ယာကဏ္ဍစီမံကိန်း တာဝန်အား ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးမိုးဇော်ထက် အားလည်းကောင်း၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးသက်ခိုင်က ဆောက်လုပ်ရေးဝန်ကြီးဌာန လုပ်ငန်းစီမံကိန်းများကို လမ်းဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်စန်းအားလည်းကောင်း၊ စီမံကိန်းလုပ်ငန်းတာဝန်များကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က စီမံကိန်းလုပ်ငန်းတာဝန်များ ကိုဆောင်ရွက်ရာတွင် နိုင်ငံတော်မှခွဲဝေချပေးသည့် ရန်ပုံငွေများဖြင့် မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ထပ်ဆင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)